ကျန်းမာရေးစားသောက်ဆိုင်
03-Jun-2017ခရီးသွားတစ်ဦး စားသောက်ဆိုင်တွင် စားသောက်ပြီးသကာလ -
“ ခေါက်ဆွဲတစ်ပွဲ၊ လက်ဖက်ရည်တစ်ခွက်၊ မုန့်တစ်ခုဘယ်လောက်ကျမလဲ”
“ တစ်သောင်းပါဆရာ”
“ စျေးကြီးလှချည်းလားဗျ ဘာဖြစ်လို့ပါလိမ့်”
“ ကျွန်တော်တို့ဆိုင်က ကျန်းမာရေးအလေးပေးတဲ့ ဆိုင်လေ၊ လက်ဆေးတာ၊ ပန်းကန်ဆေးတာ၊ ချက်ပြုတ်တာကအစ ရေသန့်ပဲသုံးလို့”
Credit : မှူးအိမ်ဇင်